Daddy S Puppy Sangric Complete
The wedding day
~~~~~~~~~~~~~~~~~~
နောက်ဆုံးတော့နေရင်းထိုင်းရင်းSangyeonနဲ့Ericတို့ရဲမင်္ဂလာပွဲနေ့လေးကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။Ericကလည်းအထက်တန်းကိုဂုဏ်ထူးနဲ့အောင်ခဲ့သည်။စီးပွားရေးတက္ကသိုလ်ကိုတောင်ပထမနှစ်တက်ဖို့အတွက်ပြင်ဆင်နေပြီဖြစ်သည်။ဒါကြောင့်မင်္ဂလာပွဲနေ့ကိုပထမနှစ်မတက်ခင်ကြိုစောလုပ်လိုက်ခြင်းဖြစ်သည်။
ဒီနေ့မင်္ဂလာဆောင်ရတော့မှာဆိုတော့Ericတို့တစ်ခါမှမထဖူးတဲ့အချိန်ငါးနာရီကိုထနေရသည်။ပြင်ဖို့ဆင်ဖို့ကလည်းရှိသေးတယ်လေ။ဒါပေမဲ့ဒီလိုအစောကြီးထပြီးပြင်ဆင်ရအောင်သူကသတို့သမီးမှမဟုတ်ဘဲ။ဒါပေမဲ့လည်းအစောပြင်ဆင်ရမယ်ဆိုသောOmmaစကားကြောင့်သူ့မှာအိပ်စုံမှုန်မွှားနဲ့ထလာလိုက်ရသည်။
ဒီလိုနဲ့Ommaတို့ခေါ်ထားတဲ့မိတ်ကပ်ဆရာမကEricအားအစအဆုံးသေချာပြင်ဆင်ပေးနေသည်။သူ့ကိုလည်းလိမ်းနေတဲ့မိတ်ကပ်တွေကဘယ်နှစ်ထပ်မှန်းမသိတော့ချေ။ပြီးကိုမပြီးသေးတာတော့သေချာသည်။နာရီဝက်လောက်ကျတော့သူ့နှုတ်ခမ်းပေါ်မှာအဆီလေးလိမ်းပြီးအလှပြင်ခြင်းလုပ်ငန်းပြီးဆုံးလေသည်။
ပြီးတော့သူနဲ့Sangyeonတို့အတူတူသွားရွေးခဲ့ကြတဲ့ဝတ်စုံလေးထဲကမှတစ်စုံကိုOmmaယူလာပေးသဖြင့်သူလည်းလဲဖို့ပြင်လိုက်သည်။လဲလည်းလဲပြီးသွားတော့သူ့ကိုယ်သူမှန်ထဲမှာကြည့်ရင်းတော်တော်ချောပါလားလို့တွေးမိလိုက်သည်။ဟုတ်လည်းဟုတ်သည်။တစ်ခြားသူတွေမင်္ဂလာဆောင်ရင်အဖြူနဲ့အနက်ပဲဝတ်တာများပေမဲ့သူကပန်းရောင်ဝမ်းဆက်လေးနဲ့ဆိုတော့တစ်မူထူးခြားစွာကြည့်ကောင်းနေသည်။
"WoW I'm so handsome"
ဒါသူ့ကိုယ်သူမှန်ထဲမှာကြည့်ရင်းနောက်တစ်ခေါက်ရေရွတ်လိုက်ခြင်းဖြစ်သည်။ဒါကိုဘယ်အချိန်ကတည်းကအခန်းထဲရောက်နေမှန်းမသိတဲ့ငနဲသားလေးSunwooက
"မင်းချောတာငါ့မမှီသေးပါဘူးကွာ....."
"မင်းဘယ်ကတည်းကငါ့အခန်းထဲရောက်နေတာလည်း"
"စောနလေးတင်ကပါ"
"အင်း....ငါကမင်းထက်ချောတယ်ဆိုတာတော့ဝန်ခံလိုက်စမ်းပါSunwooရာ"
"အမလေး....ဟုတ်ပါတယ်မင်းချောနေပုံနဲ့တော့မင်းလူကြီးတောင်ကြွေလောက်တယ်"
"ဟျောင့်.....သူ့အကြောင်းထည့်ပြောစရာမလိုဘူးနော်"
"ဘာလည်းမင်းလူကြီးဆိုတော့မကြိုက်လို့လား"
"သေနာလေး..ငါဒီနားကlotionဘူးနဲ့ကောက်ပေါက်လိုက်ရ"
သူကပြောတာကိုခွက်ထိုးခွက်လန်နဲ့ထရယ်နေသည့်ချစ်သောသူငယ်ချင်းကြီးပါ။
"ကဲ လုပ်လုပ်မင်းနောက်ကျနေမယ်သွားရအောင်"
"ဟင်....မင်းလိုက်ပို့မှာလား"
"ဟုတ်တယ်....ငါနဲ့ငါ့Hakkieလေးနဲ့ကမင်းအတွက်သတို့သားအရန်အနေနဲ့ခန်းမထိလိုက်ပို့ပေးရမှာလေ"
"အော်...အေးအေးကျေးဇူးပဲကွာ"
"မလိုပါဘူးငါ့သူငယ်ချင်းလေးဒီတစ်ယောက်ထဲရှိတာအခုလိုမျိုးပိုင်ရှင်ရှိလာတော့မယ်ဆိုတော့ငါဒီလောက်ထိလုပ်ပေးရမှာပေါ့"
"အေးကွာ"
.....................
ဒီလိုနဲ့ခန်းမအထိSunwooကသူ့ကောင်လေးHaknyeonနဲ့အတူEricကိုလိုက်ပို့ပေးသည်။အထဲကိုဝင်လိုက်တော့မိဘတွေကရောက်နေကြပြီးခန်းမပြင်ဆင်မှုတွေကိုသေချာလိုက်စစ်နေသည်။ဒါပေမဲ့Sangyeonကိုတော့မတွေ့သေးချေ။ထိုစဥ်ခန်းမဝန်ထမ်းအစ်မကြီးတစ်ယောက်မှEricတို့အားလာခေါ်သဖြင့်သူတို့လည်းနားနေခန်းသို့သွားလိုက်ကြသည်။
စောင့်နေကြတုန်းEricမှကြောက်သလိုလိုလန့်လိုလိုဖြစ်နေပြန်သည်။စိတ်လှုပ်ရှားတယ်ပဲခေါ်ရမလား။ဒါကြောင့်စိတ်ကဂနာမငြိမ်ဖြစ်နေသည်။
"Sunwooငါတစ်မျိုးကြီးကြောက်သလိုလိုပဲ"
"ဟေ....အေးပေါ့ကွာဒီလောက်တော့ဖြစ်မှာပေါ့ဘာမှစိုးရိမ်မနေနဲ့"
"အင်း.....ဟိုလေငါထွက်ရင်မင်းကောအတူလိုက်ကူပေးလို့ရမလား"
"ဟာ...ဟျောင့်လိုက်ကူပေးရအောင်မင်္ဂလာဆောင်မှာကမင်းလေငါမှမဟုတ်တာ"
အဲ့လိုပြောလိုက်တော့ဆူပုပ်ပြီးရုပ်ကလေးကညှိုးကျသွားသောEricအားSunwooကဖက်လိုက်ပြီး
"ငါ့သူငယ်ချင်းကလည်းဘာတွေစိုးရိမ်နေတာတုန်းဒီအတိုင်းAge of Wushuဂိမ်းထဲကလိုမင်္ဂလာဆောင်တယ်ပဲတွေးလိုက်ပါကွာ"
"အေးပါ"
"ဒါဆိုငါတို့သွားပြီးနော်ခန်းမညာဖက်ထောင့်မှာငါတို့ထိုင်နေမယ်သိလား"
"အင်းအင်း"
Ericတစ်ယောက်ပဲလားဆိုတော့လည်းမဟုတ်။တစ်ဖက်နားနေခန်းထဲမှSangyeonကလည်းအနည်းငယ်စိတ်လှုပ်ရှားလို့နေသည်။ဒါကြောင့်စီးထားတဲ့necktieကိုတောင်ပြန်ဖြေလိုက်ပြန်စီးလိုက်နဲ့အလုပ်ရှုပ်နေသည်။သူဒီရောက်ကတည်းကEricကိုတော့မတွေ့သေးချေ။ကြည့်ရတာသူတို့နှစ်ယောက်ကိုအခန်းခွဲထားပုံပေါက်သည်။ထိုစဥ်ခန်းမရဲ့ဝန်ထမ်းတစ်ယောက်မှ
"သတို့သားLee Sangyeonနေရာယူလို့ရပါပြီ"
"ဟုတ်ကဲ့ကျွန်တော်လာပါပြီ"
သူလည်းဝန်ထမ်းကောင်မလေးနောက်ကိုလိုက်သွားပြီးစင်ပေါ်တက်ကာနေရာယူလိုက်သည်။စင်အောက်မှာမိဘတွေနဲ့အတူသူတို့အသိမိတ်ဆွေတွေရယ်Sangyeonဘက်ကသူငယ်ချင်းတွေရယ်Ericဘက်ကသူငယ်ချင်းတွေရယ်ပဲဆိုတော့လူကအရမ်းလည်းမများပေ။ခန်းမစီစဥ်သူမှစကားပြောရန်ချောင်းဟန့်လိုက်တော့ခန်းမတစ်ခုလုံးငြိမ်ကျသွားကြလေသည်။"သတို့သားLee Sangyeonနေကာယူပြီးပြီးဖြစ်တဲ့အတွက်သတို့သားEric Sohnနေရာယူပါမယ်"ခေါ်လိုက်တော့Sangyeonအပါအဝင်ခန်းမတစ်ခုလုံးမှလူတွေအားလုံးEricထွက်လာရမည့်ခန်းဆီးနောက်ဘက်သို့ကြည့်လိုက်ကြသည်။ဒါပေမဲ့Ericကထွက်မလာသေးချေ။ဒါကြောင့်စီစဥ်သူမှထပ်ပြီးမိုက်ဖြင့်"သတို့သားEric Sohnနေရာယူလို့ရပါပြီ""ဒါလည်းဘာမှမထူးခြား။အောက်ကဧည့်သည်တွေကလည်းလှုပ်လှုပ်ရွရွကဖြစ်လာကြသည်။Ericမိဘတွေကလည်းအနည်းငယ်စိတ်ပူနေကြသဖြင့်Sangyeonစင်ပေါ်မှဆင်းကာEricရှိနေရမည့်ခန်းဆီးလိုက်ကာနောက်သို့သွားလိုက်သည်။Ericတစ်ယောက်သူ့နာမည်ခေါ်သံကြားပေမဲ့လုံးဝမထွက်နိုင်ချေ။အကြောင်းမှာဧည့်သည်တွေကလည်းအရမ်းများတော့စိတ်လှုပ်ရှားလွန်းပြီးလမ်းလျှောက်လို့မရတော့ခြင်းဖြစ်သည်။ဒါကြောင့်သူ့မှာလိုက်ကာနောက်တွင်ကြုံ့ကြုံ့လေးထိုင်နေမိသည်။ထိုစဥ်သူရှိနေသည့်နေရာသို့ရောက်လာသည့်Sangyeon။သူလည်းဝင်လိုက်တော့ပန်းရောင်ဝမ်းဆက်နဲ့ထိုင်နေတဲ့သတို့သားပေါက်စကိုတွေ့လေသည်။ဒါပေမဲ့ငိုနေသလိုလိုဘာလိုလိုဖြစ်နေတာမို့သူမေးလိုက်သည်။"Ericဘာဖြစ်လို့လည်း"သူစိုးရိမ်တစ်ကြီးနဲ့မေးတော့ငိုမဲ့မဲ့မျက်နှာလေးဖြင့်ပြန်ဖြေရှာသည်။"ကျွန်တော်ကြောက်လို့ဦးSang""လူတွေကအရမ်းမများပါဘူးEricရဲ့""ဒါပေမဲ့ကျွန်တော်စိတ်လှုပ်ရှားနေလို့လားမသိဘူးလမ်းလျှောက်လို့မရတော့ဘူး"အဲ့တော့Sangyeonမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိကိုဖြစ်ကုန်သည်။ဒီထက်ကြာနေရင်လည်းဧည့်သည်တွေကိုအားနာစရာကဖြစ်သည်။နဂိုကတည်းကအသိုင်းအဝိုင်းကိုအပြစ်မပြောရအောင်မင်္ဂလာဆောင်ပါတယ်ဆိုဒီလိုဖြစ်နေရင်သူတို့အတွက်အတင်းတုပ်စရာအကွက်ရသွားလိမ့်မည်။ဒီလိုတော့မဖြစ်သေးချေ။ဒါကြောင့်Sangyeonလည်းEricကိုအရင်ဆုံးမတ်တပ်ရပ်ကာထစေလိုက်သည်။"Ericအသက်ကိုပြင်းပြင်းရှူလိုက်"ကြောက်နေလို့လားမသိ။သူပြောတဲ့အတိုင်းလုပ်ရှာသည်။ဝတ်ထားသည့်ပန်းရောင်ဝမ်းဆက်ရယ်ပြင်ထားသည့်မိတ်ကပ်lookလေးရယ်ကEricကိုပိုလို့ပင်ချစ်ဖို့ကောင်းစေသည်ဟုSangyeonထင်မိသည်။မသိရင်Puppyပေါက်လေးလိုလို။"ရပြီလား""ဟုတ်ကဲ့"ဒါပေမဲ့လည်းEricပုံကသိပ်ပြီးအဆင်ပြေတဲ့ပုံပေါ်နေတာမလို့Sangyeonလည်းမထူးဘူးဟုတွေးကာရပ်နေတဲ့Ericကိုbridal styleမချီလိုက်သည်။"ဦးSang!!!ဘာလုပ်တာလည်းပြန်ချပေး""ဒီလိုမှမလုပ်ရင်ဒီနေ့Ericထွက်လို့ရသေးမှာမဟုတ်ဘူးဒါကြောင့်ကိုယ့်ကိုမှီပြီးလိုက်ခဲ့နော်""ဟုတ်.....ပါပြီ"Sangyeonလည်းEricကိုချီလျက်သားလိုက်ကာနောက်နေထွက်လာတော့ခန်းမမှလူတွေအကုန်လုံးကသူတို့နှစ်ဦးဆီသို့အကြည့်တွေရောက်ကုန်ကြသည်။Ericကတော့Sangyeonရင်ခွင်ထဲသာမျက်နှာအပ်ထားမိသည်။အဲ့လိုချီလျက်သားကော်ဇော်နီခင်းထားတဲ့လျှောက်လမ်းတစ်လျှောက်လာတော့ဒီမြင်ကွင်းဟာအကုန်လုံးအတွက်ကြည်နူးစရာမြင်ကွင်းလိုလို။ပွဲစီစဥ်သူကတောင်စင်ပေါ်ကနေမိုက်နဲ့"အော်....လက်စသတ်တော့သတို့သားလေးကရှက်နေတာကိုး"ဆိုပြီးပြုံးပြုံးကြီးလှမ်းစပါသေးသည်။Ericကတော့ကြားပြီးရှက်သွားလို့လားမသိ။Sangyeonလည်တိုင်ကိုတောင်ပိုပြီးတင်းကြပ်အောင်ဖက်လိုက်တာကိုSangyeonခံစားမိလိုက်သည်။အဲ့အတိုင်းလေးစင်ပေါ်အထိခေါ်သွားပြီးချပေးကာနားနားကပ်ပြီးပြောလိုက်သည်။"မျက်လုံးဖွင့်လို့ရပြီ"Ericလည်းSangyeonပြောမှဖွင့်ကြည့်လိုက်တော့တစ်ဖက်မှာဖာသာကိုတွေ့သလိုတစ်ဖက်မှာလည်းပွဲလာပရိသတ်နဲ့အတူသူ့မိဘတွေကိုပါတွေ့လိုက်ရသည်။သူ့Ommaကတော့ဘာတွေသဘောကျနေလည်းမသိပါဘူးပြုံးစိစိနဲ့။နောက်တန်းကSunwooတို့ကိုလှမ်းကြည့်လိုက်တော့သူ့ကိုဖြီးပြနေသည်။အဲ့တော့Ericသိလိုက်ပါပြီ။ဒီကောင်နဲ့ပြန်တွေ့ရင်သူ့ကိုလိုက်စတော့မည်ဆိုတာကို။ထိုစဥ်ဖာသာဆီမှချောင်းဟန့်သံတစ်ချက်ထွက်ပေါ်လာတော့အကုန်လုံးတစ်ဖန်ပြန်ငြိမ်သက်သွားကြသည်။"သတို့သားLee Sangyeon သတို့သားEric Sohnကိုအေးသည်ဖြစ်စေပူသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေချမ်းသာဖြစ်စေကောင်းတူဆိုးတူလက်ခံပေးကာသစ္စာရှိရှိချစ်သွားပါ့မယ်လို့ကတိပြုပါသလား""ဟုတ်ကဲ့ကတိပြုပါတယ်""သတို့သားEric Sohn သတို့သားLee Sangyeonကိုအေးသည်ဖြစ်စေပူသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေချမ်းသာဖြစ်စေကောင်းတူဆိုးတူလက်ခံပေးကာသစ္စာရှိရှိချစ်သွားပါ့မယ်လို့ကတိပြုပါသလား""ဟုတ်ကဲ့ကတိပြုပါတယ်""ဒါဆိုသတို့သားနှစ်ဦးလက်ထပ်လက်စွပ်ဝတ်ပေးလို့ရပါပြီ"ဖာသာစကားဆုံးသည်နှင့်သူတို့နှစ်ယောက်ဘေးသို့ခန်းမမှဝန်ထမ်းများကဗန်းလေးကိုယ်စီနှင့်လက်စွပ်ဘူးလေးကိုလာပေးကြသည်။သူတို့လည်းယူလိုက်ကြပြီးအရင်ဆုံးSangyeonကEricရဲ့ဘယ်လက်သူကြွယ်မှာရွှေရောင်လက်စွပ်လေးကိုဝတ်ပေးလိုက်သည်။ပြီးတော့Ericမှတစ်ဖန်Sangyeonရဲ့ဘယ်လက်သူကြွယ်မှာသူနဲ့ဆင်တူရွှေရောင်လက်စွပ်လေးကိုဝတ်ပေးလိုက်သည်။"လက်စွပ်လည်းအပြန်အလှန်ဝတ်ပေးပြီးသွားကြပြီဆိုတော့သတို့သားနှစ်ဦးအကြင်နာပေးလို့ရပါပြီ"ဖာသာစကားဆုံးတော့SangyeonကောEricကောကြောင်သွားကြသည်။ဟုတ်သားပဲ။လက်ထပ်ရင်နမ်းရမှာ။သူတို့နှစ်ယောက်လုံးဒီအချက်ကိုမေ့သွားသည်ထင်။ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်သည်။Ericမသိမသာလေးသူ့Ommaဘက်ကိုလှည့်ကြည့်မိတော့Ommaကခေါင်းအသာလေးငြိမ့်ပြသည်။တစ်ဖန်Sangyeonဖက်ကိုလှည့်ကြည့်လိုက်တော့လည်းSangyeonကနမ်းရမှာလား...မနမ်းရဘူးလားဟုသာတွေဝေနေသည်။ဒါပေမဲ့အောက်ကဧည့်သည်တွေလည်းရှိသေးတော့သူတို့မှာခွကျသည့်အနေအထားသို့ရောက်နေသည်။ဒါကြောင့်Sangyeonလည်းတစ်ဖြည်းဖြည်းEricမျက်နှားနားကိုတိုးသွားလိုက်ပြီးနှဖူးပေါ်မှာပဲအနမ်းတစ်ပွင့်ကိုခြွေလိုက်သည်။Ericအစကတော့သူ့မျက်နှာနားကိုတိုးလာသည့်Sangyeonကြောင့်နှုတ်ခမ်းကိုနမ်းမယ်အထင်နဲ့မျက်စိအားစုံမှိတ်ချလိုက်သော်လည်းနှဖူးပြင်မှာပဲစိုစွတ်မှုလေးကိုခံစားလိုက်ရတာကြောင့်Ericရင်ထဲကအလုံးကြီးကျသွားသယောင်။အဲ့တော့မှပရိသတ်တွေဘက်ကလက်ခုပ်တီးကြပြီးSangyeonနဲ့Ericလည်းလက်ထပ်စာချုပ်မှာလက်မှတ်ထိုးကာပွဲကိုအဆုံးသတ်လိုက်ကြသည်။
___________________________________________Mollyကမင်္ဂလာပွဲတွေသိပ်မသွားဘူးတာကတစ်ကြောင်းဘာသာမတူတော့ဘယ်လိုဆောင်ပေးရမလည်းမသိတာကတစ်ကြောင်းမလို့သိပြီးသားသူတွေအနေနဲ့ဒီအပိုင်းမှာအမှားပါသွားရင်နားလည်ပေးဖို့မျှော်လင့်ပါတယ်နော်💞Thanks for reading🌸Zawgyi
The wedding day
~~~~~~~~~~~~~~~~~~
.....................ဒီလိုနဲ႕ခန္းမအထိSunwooကသူ႕ေကာင္ေလးHaknyeonနဲ႕အတူEricကိုလိုက္ပို႔ေပးသည္။အထဲကိုဝင္လိုက္ေတာ့မိဘေတြကေရာက္ေနၾကၿပီးခန္းမျပင္ဆင္မႈေတြကိုေသခ်ာလိုက္စစ္ေနသည္။ဒါေပမဲ့Sangyeonကိုေတာ့မေတြ႕ေသးေခ်။ထိုစဥ္ခန္းမဝန္ထမ္းအစ္မႀကီးတစ္ေယာက္မွEricတို႔အားလာေခၚသျဖင့္သူတို႔လည္းနားေနခန္းသို႔သြားလိုက္ၾကသည္။ေစာင့္ေနၾကတုန္းEricမွေၾကာက္သလိုလိုလန့္လိုလိုျဖစ္ေနျပန္သည္။စိတ္လႈပ္ရွားတယ္ပဲေခၚရမလား။ဒါေၾကာင့္စိတ္ကဂနာမၿငိမ္ျဖစ္ေနသည္။"Sunwooငါတစ္မ်ိဳးႀကီးေၾကာက္သလိုလိုပဲ""ေဟ....ေအးေပါ့ကြာဒီေလာက္ေတာ့ျဖစ္မွာေပါ့ဘာမွစိုးရိမ္မေနနဲ႕""အင္း.....ဟိုေလငါထြက္ရင္မင္းေကာအတူလိုက္ကူေပးလို႔ရမလား""ဟာ...ေဟ်ာင့္လိုက္ကူေပးရေအာင္မဂၤလာေဆာင္မွာကမင္းေလငါမွမဟုတ္တာ"အဲ့လိုေျပာလိုက္ေတာ့ဆူပုပ္ၿပီး႐ုပ္ကေလးကညွိုးက်သြားေသာEricအားSunwooကဖက္လိုက္ၿပီး"ငါ့သူငယ္ခ်င္းကလည္းဘာေတြစိုးရိမ္ေနတာတုန္းဒီအတိုင္းAge of Wushuဂိမ္းထဲကလိုမဂၤလာေဆာင္တယ္ပဲေတြးလိုက္ပါကြာ""ေအးပါ""ဒါဆိုငါတို႔သြားၿပီးေနာ္ခန္းမညာဖက္ေထာင့္မွာငါတို႔ထိုင္ေနမယ္သိလား""အင္းအင္း"Ericတစ္ေယာက္ပဲလားဆိုေတာ့လည္းမဟုတ္။တစ္ဖက္နားေနခန္းထဲမွSangyeonကလည္းအနည္းငယ္စိတ္လႈပ္ရွားလို႔ေနသည္။ဒါေၾကာင့္စီးထားတဲ့necktieကိုေတာင္ျပန္ေျဖလိုက္ျပန္စီးလိုက္နဲ႕အလုပ္ရႈပ္ေနသည္။သူဒီေရာက္ကတည္းကEricကိုေတာ့မေတြ႕ေသးေခ်။ၾကည့္ရတာသူတို႔ႏွစ္ေယာက္ကိုအခန္းခြဲထားပုံေပါက္သည္။ထိုစဥ္ခန္းမရဲ႕ဝန္ထမ္းတစ္ေယာက္မွ"သတို႔သားLee Sangyeonေနရာယူလို႔ရပါၿပီ""ဟုတ္ကဲ့ကြၽန္ေတာ္လာပါၿပီ"သူလည္းဝန္ထမ္းေကာင္မေလးေနာက္ကိုလိုက္သြားၿပီးစင္ေပၚတက္ကာေနရာယူလိုက္သည္။စင္ေအာက္မွာမိဘေတြနဲ႕အတူသူတို႔အသိမိတ္ေဆြေတြရယ္Sangyeonဘက္ကသူငယ္ခ်င္းေတြရယ္Ericဘက္ကသူငယ္ခ်င္းေတြရယ္ပဲဆိုေတာ့လူကအရမ္းလည္းမမ်ားေပ။ခန္းမစီစဥ္သူမွစကားေျပာရန္ေခ်ာင္းဟန့္လိုက္ေတာ့ခန္းမတစ္ခုလုံးၿငိမ္က်သြားၾကေလသည္။"သတို႔သားLee Sangyeonေနကာယူၿပီးၿပီးျဖစ္တဲ့အတြက္သတို႔သားEric Sohnေနရာယူပါမယ္"ေခၚလိုက္ေတာ့Sangyeonအပါအဝင္ခန္းမတစ္ခုလုံးမွလူေတြအားလုံးEricထြက္လာရမည့္ခန္းဆီးေနာက္ဘက္သို႔ၾကည့္လိုက္ၾကသည္။ဒါေပမဲ့Ericကထြက္မလာေသးေခ်။ဒါေၾကာင့္စီစဥ္သူမွထပ္ၿပီးမိုက္ျဖင့္"သတို႔သားEric Sohnေနရာယူလို႔ရပါၿပီ""ဒါလည္းဘာမွမထူးျခား။ေအာက္ကဧည့္သည္ေတြကလည္းလႈပ္လႈပ္႐ြ႐ြကျဖစ္လာၾကသည္။Ericမိဘေတြကလည္းအနည္းငယ္စိတ္ပူေနၾကသျဖင့္Sangyeonစင္ေပၚမွဆင္းကာEricရွိေနရမည့္ခန္းဆီးလိုက္ကာေနာက္သို႔သြားလိုက္သည္။Ericတစ္ေယာက္သူ႕နာမည္ေခၚသံၾကားေပမဲ့လုံးဝမထြက္နိုင္ေခ်။အေၾကာင္းမွာဧည့္သည္ေတြကလည္းအရမ္းမ်ားေတာ့စိတ္လႈပ္ရွားလြန္းၿပီးလမ္းေလွ်ာက္လို႔မရေတာ့ျခင္းျဖစ္သည္။ဒါေၾကာင့္သူ႕မွာလိုက္ကာေနာက္တြင္ႀကဳံ႕ႀကဳံ႕ေလးထိုင္ေနမိသည္။ထိုစဥ္သူရွိေနသည့္ေနရာသို႔ေရာက္လာသည့္Sangyeon။သူလည္းဝင္လိုက္ေတာ့ပန္းေရာင္ဝမ္းဆက္နဲ႕ထိုင္ေနတဲ့သတို႔သားေပါက္စကိုေတြ႕ေလသည္။ဒါေပမဲ့ငိုေနသလိုလိုဘာလိုလိုျဖစ္ေနတာမို႔သူေမးလိုက္သည္။"Ericဘာျဖစ္လို႔လည္း"သူစိုးရိမ္တစ္ႀကီးနဲ႕ေမးေတာ့ငိုမဲ့မဲ့မ်က္ႏွာေလးျဖင့္ျပန္ေျဖရွာသည္။"ကြၽန္ေတာ္ေၾကာက္လို႔ဦးSang""လူေတြကအရမ္းမမ်ားပါဘူးEricရဲ႕""ဒါေပမဲ့ကြၽန္ေတာ္စိတ္လႈပ္ရွားေနလို႔လားမသိဘူးလမ္းေလွ်ာက္လို႔မရေတာ့ဘူး"အဲ့ေတာ့Sangyeonမွာဘာလုပ္လို႔ဘာကိုင္ရမွန္းမသိကိုျဖစ္ကုန္သည္။ဒီထက္ၾကာေနရင္လည္းဧည့္သည္ေတြကိုအားနာစရာကျဖစ္သည္။နဂိုကတည္းကအသိုင္းအဝိုင္းကိုအျပစ္မေျပာရေအာင္မဂၤလာေဆာင္ပါတယ္ဆိုဒီလိုျဖစ္ေနရင္သူတို႔အတြက္အတင္းတုပ္စရာအကြက္ရသြားလိမ့္မည္။ဒီလိုေတာ့မျဖစ္ေသးေခ်။ဒါေၾကာင့္Sangyeonလည္းEricကိုအရင္ဆုံးမတ္တပ္ရပ္ကာထေစလိုက္သည္။"Ericအသက္ကိုျပင္းျပင္းရႉလိုက္"ေၾကာက္ေနလို႔လားမသိ။သူေျပာတဲ့အတိုင္းလုပ္ရွာသည္။ဝတ္ထားသည့္ပန္းေရာင္ဝမ္းဆက္ရယ္ျပင္ထားသည့္မိတ္ကပ္lookေလးရယ္ကEricကိုပိုလို႔ပင္ခ်စ္ဖို႔ေကာင္းေစသည္ဟုSangyeonထင္မိသည္။မသိရင္Puppyေပါက္ေလးလိုလို။"ရၿပီလား""ဟုတ္ကဲ့"ဒါေပမဲ့လည္းEricပုံကသိပ္ၿပီးအဆင္ေျပတဲ့ပုံေပၚေနတာမလို႔Sangyeonလည္းမထူးဘူးဟုေတြးကာရပ္ေနတဲ့Ericကိုbridal styleမခ်ီလိုက္သည္။"ဦးSang!!!ဘာလုပ္တာလည္းျပန္ခ်ေပး""ဒီလိုမွမလုပ္ရင္ဒီေန႕Ericထြက္လို႔ရေသးမွာမဟုတ္ဘူးဒါေၾကာင့္ကိုယ့္ကိုမွီၿပီးလိုက္ခဲ့ေနာ္""ဟုတ္.....ပါၿပီ"Sangyeonလည္းEricကိုခ်ီလ်က္သားလိုက္ကာေနာက္ေနထြက္လာေတာ့ခန္းမမွလူေတြအကုန္လုံးကသူတို႔ႏွစ္ဦးဆီသို႔အၾကည့္ေတြေရာက္ကုန္ၾကသည္။Ericကေတာ့Sangyeonရင္ခြင္ထဲသာမ်က္ႏွာအပ္ထားမိသည္။အဲ့လိုခ်ီလ်က္သားေကာ္ေဇာ္နီခင္းထားတဲ့ေလွ်ာက္လမ္းတစ္ေလွ်ာက္လာေတာ့ဒီျမင္ကြင္းဟာအကုန္လုံးအတြက္ၾကည္ႏူးစရာျမင္ကြင္းလိုလို။ပြဲစီစဥ္သူကေတာင္စင္ေပၚကေနမိုက္နဲ႕"ေအာ္....လက္စသတ္ေတာ့သတို႔သားေလးကရွက္ေနတာကိုး"ဆိုၿပီးၿပဳံးၿပဳံးႀကီးလွမ္းစပါေသးသည္။Ericကေတာ့ၾကားၿပီးရွက္သြားလို႔လားမသိ။Sangyeonလည္တိုင္ကိုေတာင္ပိုၿပီးတင္းၾကပ္ေအာင္ဖက္လိုက္တာကိုSangyeonခံစားမိလိုက္သည္။အဲ့အတိုင္းေလးစင္ေပၚအထိေခၚသြားၿပီးခ်ေပးကာနားနားကပ္ၿပီးေျပာလိုက္သည္။"မ်က္လုံးဖြင့္လို႔ရၿပီ"Ericလည္းSangyeonေျပာမွဖြင့္ၾကည့္လိုက္ေတာ့တစ္ဖက္မွာဖာသာကိုေတြ႕သလိုတစ္ဖက္မွာလည္းပြဲလာပရိသတ္နဲ႕အတူသူ႕မိဘေတြကိုပါေတြ႕လိုက္ရသည္။သူ႕Ommaကေတာ့ဘာေတြသေဘာက်ေနလည္းမသိပါဘူးၿပဳံးစိစိနဲ႕။ေနာက္တန္းကSunwooတို႔ကိုလွမ္းၾကည့္လိုက္ေတာ့သူ႕ကိုၿဖီးျပေနသည္။အဲ့ေတာ့Ericသိလိုက္ပါၿပီ။ဒီေကာင္နဲ႕ျပန္ေတြ႕ရင္သူ႕ကိုလိုက္စေတာ့မည္ဆိုတာကို။ထိုစဥ္ဖာသာဆီမွေခ်ာင္းဟန့္သံတစ္ခ်က္ထြက္ေပၚလာေတာ့အကုန္လုံးတစ္ဖန္ျပန္ၿငိမ္သက္သြားၾကသည္။"သတို႔သားLee Sangyeon သတို႔သားEric Sohnကိုေအးသည္ျဖစ္ေစပူသည္ျဖစ္ေစဆင္းရဲသည္ျဖစ္ေစခ်မ္းသာျဖစ္ေစေကာင္းတူဆိုးတူလက္ခံေပးကာသစၥာရွိရွိခ်စ္သြားပါ့မယ္လို႔ကတိျပဳပါသလား""ဟုတ္ကဲ့ကတိျပဳပါတယ္""သတို႔သားEric Sohn သတို႔သားLee Sangyeonကိုေအးသည္ျဖစ္ေစပူသည္ျဖစ္ေစဆင္းရဲသည္ျဖစ္ေစခ်မ္းသာျဖစ္ေစေကာင္းတူဆိုးတူလက္ခံေပးကာသစၥာရွိရွိခ်စ္သြားပါ့မယ္လို႔ကတိျပဳပါသလား""ဟုတ္ကဲ့ကတိျပဳပါတယ္""ဒါဆိုသတို႔သားႏွစ္ဦးလက္ထပ္လက္စြပ္ဝတ္ေပးလို႔ရပါၿပီ"ဖာသာစကားဆုံးသည္ႏွင့္သူတို႔ႏွစ္ေယာက္ေဘးသို႔ခန္းမမွဝန္ထမ္းမ်ားကဗန္းေလးကိုယ္စီႏွင့္လက္စြပ္ဘူးေလးကိုလာေပးၾကသည္။သူတို႔လည္းယူလိုက္ၾကၿပီးအရင္ဆုံးSangyeonကEricရဲ႕ဘယ္လက္သူႂကြယ္မွာေ႐ႊေရာင္လက္စြပ္ေလးကိုဝတ္ေပးလိုက္သည္။ၿပီးေတာ့Ericမွတစ္ဖန္Sangyeonရဲ႕ဘယ္လက္သူႂကြယ္မွာသူနဲ႕ဆင္တူေ႐ႊေရာင္လက္စြပ္ေလးကိုဝတ္ေပးလိုက္သည္။"လက္စြပ္လည္းအျပန္အလွန္ဝတ္ေပးၿပီးသြားၾကၿပီဆိုေတာ့သတို႔သားႏွစ္ဦးအၾကင္နာေပးလို႔ရပါၿပီ"ဖာသာစကားဆုံးေတာ့SangyeonေကာEricေကာေၾကာင္သြားၾကသည္။ဟုတ္သားပဲ။လက္ထပ္ရင္နမ္းရမွာ။သူတို႔ႏွစ္ေယာက္လုံးဒီအခ်က္ကိုေမ့သြားသည္ထင္။ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ကုန္သည္။Ericမသိမသာေလးသူ႕Ommaဘက္ကိုလွည့္ၾကည့္မိေတာ့Ommaကေခါင္းအသာေလးၿငိမ့္ျပသည္။တစ္ဖန္Sangyeonဖက္ကိုလွည့္ၾကည့္လိုက္ေတာ့လည္းSangyeonကနမ္းရမွာလား...မနမ္းရဘူးလားဟုသာေတြေဝေနသည္။ဒါေပမဲ့ေအာက္ကဧည့္သည္ေတြလည္းရွိေသးေတာ့သူတို႔မွာခြက်သည့္အေနအထားသို႔ေရာက္ေနသည္။ဒါေၾကာင့္Sangyeonလည္းတစ္ျဖည္းျဖည္းEricမ်က္ႏွားနားကိုတိုးသြားလိုက္ၿပီးႏွဖူးေပၚမွာပဲအနမ္းတစ္ပြင့္ကိုေႁခြလိုက္သည္။Ericအစကေတာ့သူ႕မ်က္ႏွာနားကိုတိုးလာသည့္Sangyeonေၾကာင့္ႏႈတ္ခမ္းကိုနမ္းမယ္အထင္နဲ႕မ်က္စိအားစုံမွိတ္ခ်လိဳက္ေသာ္လည္းႏွဖူးျပင္မွာပဲစိုစြတ္မႈေလးကိုခံစားလိုက္ရတာေၾကာင့္Ericရင္ထဲကအလုံးႀကီးက်သြားသေယာင္။
အဲ့ေတာ့မွပရိသတ္ေတြဘက္ကလက္ခုပ္တီးၾကၿပီးSangyeonနဲ႕Ericလည္းလက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးကာပြဲကိုအဆုံးသတ္လိုက္ၾကသည္။
___________________________________________Mollyကမဂၤလာပြဲေတြသိပ္မသြားဘူးတာကတစ္ေၾကာင္းဘာသာမတူေတာ့ဘယ္လိုေဆာင္ေပးရမလည္းမသိတာကတစ္ေၾကာင္းမလို႔သိၿပီးသားသူေတြအေနနဲ႕ဒီအပိုင္းမွာအမွားပါသြားရင္နားလည္ေပးဖို႔ေမွ်ာ္လင့္ပါတယ္ေနာ္💞Thanks for reading🌸
Bạn đang đọc truyện trên: LoveTruyen.Me